နွေဦးမနက်ခင်းနဲ့ စ

သံသရာက ရှိသင့်သလို 

တိုလည်း မတိုဘူး ရှည်လည်း မရှည်ဘူး 

တာယာ မပါး

ဝင်ရိုးလည်း မစား 


ပြည်သူပိုင်ရုပ်သံလိုင်းတွေရဲ့အသံကာလာ ဘာညာအနေအထားက 

ပုဇဉ်းရင်ကွဲတစ်ကောင်အော်သံနဲ့ သက်ဆိုင်သလား 

လေသံတွေ ပြောင်းသွားတာတော့ သေချာတယ်

‘ပွင့်လင်းရာသီဖြစ်သည့်အလျောက် ရဟန်းရှင်လူမိဘပြည်သူများ ပျော်ပျော်ပါးပါး ဘုရားဖူးသွား’

‘ကောက်ပဲသီးနှံပေါ်ချိန်ဖြစ်သည့်အားလျော်စွာ ကျေးလက်ဒေသများတွင် အလှူပွဲများ၊ ဆိုင်းပွဲများ၊ ဇာတ်ပွဲသဘင်များ‘

‘မြန်မာကိုယ်စားလှယ်ကို အမေရိကန်သမ္မတမှ အိမ်ဖြူတော်သို့ဖိတ်ကြား’

စတာ စတာတွေ အစား …

အထစ်အငေါ့မရှိ ကြည့်ခွင့်ရှိတဲ့တစ်ခုတည်းသောရုပ်သံလိုင်းတွေမှာ ယင်ကောင်သံတွေ မြင်ရ 

(ယင်ကောင်တွေက 

မစင်ကို ကြိုက်သလား 

စက္ကူကို ကြိုက်သလား 

ဥချတော့မယ့် တိုက်လေယာဉ်တွေလို 

အဲဒီလူရဲ့ဦးခေါင်းပေါ် တဝီဝီ ဖြစ်လို့)


နာမည်မရဖူးတဲ့နာမည်ပျက်ဆောင်ကြာမြိုင်တစ်ခုရဲ့ မြေအောက်ခန်းမှာ 

ခွေးခြေခုံပုပုတစ်ခု  ခွေးခြေပုပုပေါ်မှာ

‘မလုပ်ရဲတာ ဘာမှမရှိဘူး’ စာတန်းပါ 

စက္ကူယက်တောင်ကို ခေါင်းမှာစည်းထားတဲ့အရူးတစ်ယောက်  

သူ့ရှေ့မှာ အူဖို့သိတာတစ်ခုကလွဲလို့ ဘာဆိုဘာတစ်ခုမှမသိတဲ့ခြသ်ေ့တွေ

ကြောင်ခံတွင်းပျက်တွေ ဆက်ရက်တောင်ပံကျိုးတွေ 

ကော်လံဖြူဖြူနဲ့ လောက်တွေ 


တိုလည်း မတိုဘူး 

ရှည်လည်း မရှည်ဘူး 

တာယာ မပါး

ဝင်ရိုးလည်း မစား

သစ်လွင်တဲ့သံသရာက ရှိသင့်တဲ့အဟောင်းအတိုင်း


လျှပ်စီးတွေ လက်လိုက်  နှင်းတွေကျလိုက်


ကြည့်ရှူသူ ၇ဘီလီယံရှိလာမယ့် 

ရုပ်သံလှိုင်းတစ်ခုမှာ 

မြေအောက်ခန်းအမှိုက်တွေရဲ့အရိုးပုံကနေ သစ်တစ်ပင်ပေါက်လာတယ်

အဲဒီသစ်ပင်ဘေးမှာ တံစဉ်ပုံထွင်းထုထားတဲ့ 

သမိုင်းမှတ်တိုင် တစ်ခု

ကမ္ဘာလှည့်ခရီးသွားများ သုတေသီများ နိုင်ငံ့ခေါင်းဆောင်များ 


(ဆံပင်ရှည်ရှည်)လူငယ်တစ်ဦးက အယ်လ်ပီကဗျာတစ်ပုဒ်ကိုရွတ်နေ

ပရိသတ်က စက္ကန့်မလပ် နတ်ဝင်သည်လို ယိမ်းခါနေ

Comments

Popular posts from this blog

အပေါ့ကလက်ပ်စ်

Happyness