အပေါ့ကလက်ပ်စ်

တောင့်ခဲနေတဲ့ ရေခဲရိုက်စိတ်ထားတွေကို အနွေးဓာတ်ပေးဖို့

ညိုညစ်ညစ်နှင်းတွေ ရေးကြီးသုတ်ပြာ အပြေးလာလို့


တောကျီးကန်းတကောင်ရဲ့အတောင်ဖြူဖြူတွေ အာခေါင်ခြစ်အာနေ

ဗြုန်းချင်းဒိုင်းချင်း လိပ်ပြာအစုအဝေးတစ်ခု ကွဲစင်လွင့်ထွက်သွား

တရွတ်ဆွဲလာနေတဲ့ ခြေတံလက်တံရှည်အရိပ်တွေ 

ဧည့်သည်ဆိုပေမယ့် ဧည့်သည်မဟုတ်တာ သေချာ


ချောက်ကမ်းပါးတွေ ချောင်းမြောင်းနေတဲ့ သတ်ကွင်းထဲ 

အမှိုက်ပုံကိုမြစ်ဖျားခံလာတဲ့အလံလို သွေးညှီနံ့က တလူလူလွင့်နေတယ်

မထအ

၂၇ မွေး ခွေးနှစ်


Comments

Popular posts from this blog

နွေဦးမနက်ခင်းနဲ့ စ

Happyness