Posts

ရုပ် ရှင်

တိုက်လေနဲ့ ပန်း။ ခြေတင်ခေါင်းတင်မဟုတ်ရင် အချေအတင် ငြင်းခုံနေဖြစ်မယ့် ကာလတစ်ခုပေါ့ မနက်ခင်းကို သူ့ထက်ငါ ခွန်းချိုနှုတ်ဆက်တဲ့ငှက်တွေရဲ့မေးရိုက်မှုကအစ  ဓမ္မာရုံခေါင်မိုးက လော်စပီကာရဲ့အဟုန်ပြင်းပြင်းတုန်ခါနေမှုအဆုံး  အရာအားလုံး အမှောင်ရဲ့ဝမ်းခေါင်းကြီးထဲ ထိုးစိုက် ကျ ဆုံးခဲ့သလို ဘွတ်ဖိနပ်နဲ့တိမ်မည်းဟာ သူ့ခါးပတ်ကို စိမ်ပြေနပြေဖြုတ်လို့               အမှောင်နံ့ကိုရရင် ငယ်ဘဝရုပ်ရှင်ထဲကဦးအံ့ကျော်ရဲ့ခြေလှမ်းတွေကို မြင်မိကြမှာပဲ  သွားရည်တမြမြနှုတ်ခမ်းမွှေး၊ ပြန့်ကျဲနေတဲ့ဆံထွေးနဲ့ တွန့်လိမ်  ကြေမွနေတဲ့ဆီးခုံမွှေးများ။ သောက်ရခါ နီးတိုင်း  ပူပူနွေးနွေးအနာဂတ်ကို ကိုယ်တို့ မြောင်းထဲချည်း              သွန်ပစ်ရ။                     အချိန်က မီးများမီးနိုင်အရပ်။ ကမ္ဘာကိုကယ်တင်ခဲ့တာ လို့ အထူးအလည်လိုက်ရှင်းပြရင် ရှင်ဘုရင်ဖြစ်သော်မှ  ချင့်ယုံကြပေါ့။ နံရိုးတွေကြား ဓားမြှောင်ထိုးစိုက်ချသူ ဟာ ဘယ်သူမဆို ဖြစ်နိုင်တယ်။ တစ်ခါတုန်းက ပွင့်ဖတ်တွေအိပ်ရာပေါ်  ပြန့်ကျဲ...

နွေဦးမနက်ခင်းနဲ့ စ

သံသရာက ရှိသင့်သလို  တိုလည်း မတိုဘူး ရှည်လည်း မရှည်ဘူး  တာယာ မပါး ဝင်ရိုးလည်း မစား  ပြည်သူပိုင်ရုပ်သံလိုင်းတွေရဲ့အသံကာလာ ဘာညာအနေအထားက  ပုဇဉ်းရင်ကွဲတစ်ကောင်အော်သံနဲ့ သက်ဆိုင်သလား  လေသံတွေ ပြောင်းသွားတာတော့ သေချာတယ် ‘ပွင့်လင်းရာသီဖြစ်သည့်အလျောက် ရဟန်းရှင်လူမိဘပြည်သူများ ပျော်ပျော်ပါးပါး ဘုရားဖူးသွား’ ‘ကောက်ပဲသီးနှံပေါ်ချိန်ဖြစ်သည့်အားလျော်စွာ ကျေးလက်ဒေသများတွင် အလှူပွဲများ၊ ဆိုင်းပွဲများ၊ ဇာတ်ပွဲသဘင်များ‘ ‘မြန်မာကိုယ်စားလှယ်ကို အမေရိကန်သမ္မတမှ အိမ်ဖြူတော်သို့ဖိတ်ကြား’ စတာ စတာတွေ အစား … အထစ်အငေါ့မရှိ ကြည့်ခွင့်ရှိတဲ့တစ်ခုတည်းသောရုပ်သံလိုင်းတွေမှာ ယင်ကောင်သံတွေ မြင်ရ  (ယင်ကောင်တွေက  မစင်ကို ကြိုက်သလား  စက္ကူကို ကြိုက်သလား  ဥချတော့မယ့် တိုက်လေယာဉ်တွေလို  အဲဒီလူရဲ့ဦးခေါင်းပေါ် တဝီဝီ ဖြစ်လို့) နာမည်မရဖူးတဲ့နာမည်ပျက်ဆောင်ကြာမြိုင်တစ်ခုရဲ့ မြေအောက်ခန်းမှာ  ခွေးခြေခုံပုပုတစ်ခု  ခွေးခြေပုပုပေါ်မှာ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ စာတန်းပါ  စက္ကူယက်တောင်ကို ခေါင်းမှာစည်းထားတဲ့အရူးတစ်ယောက်   သူ့ရှေ့မှာ အူဖို့သိတာတစ်ခုကလွဲလို့ ဘာဆိုဘာတစ်ခုမှ...

အပေါ့ကလက်ပ်စ်

တောင့်ခဲနေတဲ့ ရေခဲရိုက်စိတ်ထားတွေကို အနွေးဓာတ်ပေးဖို့ ညိုညစ်ညစ်နှင်းတွေ ရေးကြီးသုတ်ပြာ အပြေးလာလို့ တောကျီးကန်းတကောင်ရဲ့အတောင်ဖြူဖြူတွေ အာခေါင်ခြစ်အာနေ ဗြုန်းချင်းဒိုင်းချင်း လိပ်ပြာအစုအဝေးတစ်ခု ကွဲစင်လွင့်ထွက်သွား တရွတ်ဆွဲလာနေတဲ့ ခြေတံလက်တံရှည်အရိပ်တွေ  ဧည့်သည်ဆိုပေမယ့် ဧည့်သည်မဟုတ်တာ သေချာ ချောက်ကမ်းပါးတွေ ချောင်းမြောင်းနေတဲ့ သတ်ကွင်းထဲ  အမှိုက်ပုံကိုမြစ်ဖျားခံလာတဲ့အလံလို သွေးညှီနံ့က တလူလူလွင့်နေတယ် မထအ ၂၇ မွေး ခွေးနှစ်

Happyness

i am  not her sewing machine she cares. when fever strikes: feeding on drowsy diplomatic words she drops; having my mind and body  patched with  loneliness that can't be labelled as wounds i routinely have to sow sound sleeps with the music of machine mocking at me. for her always murmuring when her machine conks out i never be a tie i thus  find myself happy  pretty painfully.